5 Days
Duration

ဘန်ကောက် – ပတ္တရား- ဘန်ကောက်  

1

Day 1

Day – 01         ရန်ကုန်ပတ္တရား
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ပတ္တရားသို့ရောက်ရှိကာဟိုတယ်တွင် ဦးစွာ Check-In ဝင်ရောက်ပြီးခေတ္တအနားယူအပန်းဖြေပါ မည်။ ထို့နောက်(Alcazar Show)ခေါ် (Lady-Boys)လေးများ၏ ကပြဖျော်ဖြေပွဲကိုသွားရောက်ကြည့်ရှုရင်းအမှတ်တရဓါတ်ပုံများရိုက်ကူးနိုင်မည်ဖြစ်ပါသည်။ ညစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင် မည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ပြီးတစ်နေ့တာပင်ပန်းသမျှကိုပတ္တရားရှိဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Day – 02         ပတ္တရား(သဲဖြူကျွန်း)-ဘန်ကောက်

2

Day 2

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Coral Island ဟုခေါ်သောသဲဖြူကျွန်းသို့ speed boat ဖြင့် သွားရောက်လည်ပတ်ပါမည်။ ကျွန်း၏ လှပသောကမ်းခြေတွင် ရေကူးအပန်းဖြေပြီး၊ လေထီးစီးခြင်း၊ လျှပ်ပြေးယာဉ်စီးနင်းခြင်း၊ စသည့်မိမိနှစ်သက်ရာရေပေါ်ကစားနည်းများကိုပျှော်ရွှင် လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ ထို့နောက်ပတ္တရားမြို့သို့ ပြန်လည်ထွက်ခွာလာပြီးနေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါကကမ္ဘာ့အကြီးဆုံးကျောက်မျက်ရတနာပြခန်းသို့ ဝင်ရောက်လေ့လာပြီး Noognoochဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ထိုင်းလှပျိုဖြူလေးများကပြတင်ဆက် သောထိုင်းရိုးရာယဉ်ကျေးမှုအကများနှင့် ဆင်လိမ္မာအကများကိုသွားရောက် ကြည့်ရှုပါမည်။ ညစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်သို့ပြန်လည် ပို့ဆောင် ပေးမည်ဖြစ်ပြီးတစ်နေ့တာပင်ပန်းသမျှကိုဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူမည် ဖြစ်ပါသည်။

Day – 03         ဘန်ကောက်(မြဘုရား)- Safari world

3

Day 3

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတဆူ ဖြစ်သော Emerald Buddha ခေါ် မြဘုရားအားသွားရောက်ဖူးမျှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်းဗိသုကာလက်ရာများပေါင်းစပ်ထားသောထိုင်းဘုရင့်နန်းတော်သို့ သွားရောက်လည်ပတ်ပြီးအမှတ်တရဓါတ်ပုံရိုက်ပါမည်။ ဆက်လက်၍ တိရိစ္ဆာန်ဥယျာဉ် အတွင်းရှိတောလည်ခရီးဟုအမည်ပေးထားသော Safari World နှင့် Marine Park ဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ Safari World အတွင်းတွင် Stunt Show နှင့် လင်းပိုင်လေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုခံစားမည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို Marine Park ဥယျာဉ် အတွင်းတွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါကဘေးမဲ့လွှတ် ထားသောတိရစ္ဆာန်လေးများကိုလှည့်လည်ကြည့်ရှုပြီးအနားယူအပန်းဖြေမည် ဖြစ်ပါသည်။ ညနေပိုင်းတွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာလာပြီးညစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ရမည် ဖြစ်ပါသည်။ ထို့နောက်ဟိုတယ် သို့ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီးတစ်နေ့တာပင်ပန်းသမျှကိုလွတ်လပ်စွာအိပ်စက်အနားယူပါမည်။

Day – 04         ဘန်ကောက်- အယုဒ္ဓ – Dream world

4

Day 4

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်ဘန်ကောက်မြို့၏ အရှေ့ဘက် (၈၀)ကီလိုမီတာအကွာတွင် တည်ရှိသောအယုဒ္ဓမြို့ဟောင်းသို့ သွားရောက်လေ့လာပါမည်။ မြန်မာမင်းများသိမ်းပိုက်ခဲ့ချိန်မှ ကျန်ရှိနေသောအပျက်အစီးများအတိုင်းဘုရားဆင်းတုတော်များစွာကို ပြုပြင်ချင်းမရှိထိန်းသိမ်းထားခဲ့ရာယခုတိုင် မြင်တွေ့နိုင်ပါသည်။ ၁၉၁၁ခုတွင် UNESCO မှကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထိန်းသိမ်းထားသောမြို့တော်ဟောင်းတခုလည်းဖြစ်ပါသည်။ အယုဒ္ဓရှိဘုရားဆင်းတုတော်များကိုဖူးမျှော်ပြီးပါကဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး Dream World သို့သွားရောက် လည်ပတ်ပါမည်။ Dream World အတွင်းတွင် ပျှော်ရွှင်ရင်ခုန်ဖွယ်ကောင်းသောRollarCoasterများ၊ Hanging Coster,Space Mountain, တိုက်ကားမောင်းခြင်း၊ ကောင်းကင်ကြိုးရထားစီးခြင်းနှင့် များပြားလှသောကစားနည်းမျိုးစုံကိုလွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ နေ့လည်စာကိုပန်းခြံအတွင်းရှိသောစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Snow Town ဟုခေါ်သော နှင်းမြို့တော်သို့ ဝင်ရောက်ပြီးအေးချမ်းလှသောအရသာကိုခံစားပြီးနှင်းလျှောစီးကြပါမည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီးတစ်နေ့တာပင်ပန်းသမျှကိုဟိုတယ်တွင် အေးချမ်းလွတ်လပ်စွာအိပ်စက်အနားယူမည် ဖြစ်ပါသည်။

5

Day 5

Day – 05         ဘန်ကောက်-ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်းများလက်လီ၊ လက်ကားရောင်းချရာ ဈေးဝယ်စင်တာသို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ထို့နောက်သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက်လေဆိပ်သို့ ထွက်ခွာလာပြီးအပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။။

Additional information

LocationThailand Pattya Tour
Tour TypeOutbound Tour
DestinationThailand