8ef13_n1

Yangon – Hannoi – Ha Long Bay – Ho Chi Min – Yangon

1

Day 1


Day – 1             Yangon – Hanoi

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်( )ဖြင့် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ရှိ  NoiBaiလေဆိပ်သို့ရောက်ရှိပြီးနောက် ဒေသခံ Tour Guide မှလာရောက်ကြိုဆိုပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ထို့နောက် ဟိုတယ်သို့Check-In ဝင်ကာ အနားယူအိပ်ဆက်ပါမည်။

2

Day 2


Day – 2             Hanoi – Halong Bay

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ် အမျိုးသားရေးခေါင်းဆောင် ဟိုချီမင်း၏ အလုပ်ရုံးခန်းအဖြစ် အသုံးပြုနေထိုင်ခဲ့သောအိမ် ၊ အထိမ်းအမှတ်အဖြစ် ထားရှိသောအာဇာနည် ဗိမာန်များသို့ သွားရောက် လေ့လာပါမည်။ လမ်းခရီးတွင် One Pillar ဘုရားကို ဝင်ရောက် ဖူးမြော်ပြီးနောက် ဗီယက်နမ် ခေတ်အဆက်ဆက် စာပေများကိုစုဆောင်းထားရှိရာ Temple of Literature သို့သွားရောက်ကာလေ့လာပါမည်။ နေ့လည်စာကို Local Restaurant သုံးဆောင်ပြီးနောက် ဟလောင်းမြို့သို့ ဆက်လက် ထွက်ခွာပါမည်။ ဟလောင်းမြို့သို့ရောက်ရှိ ပြီးနောက် ညစာကို Local Restaurant သုံးဆောင်ပြီးဟိုတယ်သို့ check-in ဝင်ကာအနားယူ အိပ်စက် ပါမည်။

Day – 3            Halong Bay – Hanoi

3

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသော Ha Long  Bay သို့ Junk Boat ဖြင့် သွားရောက် ကာဟလောင်းပင်လယ်အတွင်းရှိထူးဆန်းအံ့သြဖွယ် ကျွန်းများဖြစ်သောThienCung Grotto, Wooden Stakes Island, Round Over Tuan Chau Island, DinhHuong Island, Ga Choi Island, Dog Island နှင့် Sail Island တို့သို့သွားရောက်ကာလေ့လာပါမည်။ နေ့လည်စာကိုလှေပေါ်တွင် သုံးဆောင်ပါမည်။ ထို့နောက် Hanoi မြို့သို့ပြန်လာကာဒဏ္ဍာရီဆန်သောKiem Lake နှင့် ရိုးရာရေပေါ် ရုပ်သေးအကကိုကြည့်ရှုခံစားပါမည်။ ထို့နောက် Hanoi မြို့၏ စည်ကားသောနေရာတစ်ခုဖြစ်သော The Old Streets သို့ ရိုးရာဘီးတပ်ယာဉ် Cyclo ဖြင့်သွားရောက်လည်ပတ်ပြီးနောက် ညစာကို Local Restaurant သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day – 4            Hanoi – Ho Chi Minh City

4

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင် ပြီးနောက် NoiBaiအပြည်ပြည် ဆိုင်ရာလေဆိပ် မှပြည်တွင်းလေကြောင်းလိုင်းဖြင့် ဟိုချီမင်း မြို့သို့ သွားရောက် ပါမည်။ ဟိုချီမင်း မြို့သို့ ရောက်ရှိပြီးဒေသခံ Tour Guide မှ လာရောက် ကြိုဆို ပြီးနောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး  ဟိုချီမင်း မြို့တော်၏ အထင် ကရနေရာများ ဖြစ်ကြသောရှေးဟောင်းဘုရင် နန်းတော် ၊ ဗီယက်နမ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသောစစ်သမိုင်းပြတိုက် ၊ ပြင်သစ် ကိုလိုနီ  ပြယုဒ်ဖြစ်သောခရစ်ယာန် ဘုရားရှိခိုးကျောင်း နှင့် စာတိုက်ဟောင်းများရှိရာသို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ညစာကို  Local Restaurant  သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက် ပါမည်။

Day – 5            Ho Chi Minh – Cu Chi

5

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ပြည်တွင်းစစ်အတွင်းဗီယက်နမ် လူမျိုးများဗုံးခိုကျင်းအဖြစ် အသုံးပြုခဲ့သော Cu Cui လှိုဏ်ခေါင်းသို့ သွားရောက်လည်ပတ် လေ့လာပါမည်။ Cu Cui လှိုဏ်ခေါင်းသည် ဟိုချီမင်း မြို့မှ အနောက်မြောက်ဘက် (70km) အကွာတွင်တည်ရှိပြီးဗုန်းဒဏ်ကိုခံနိုင်ရည်ရှိအောင် တည်ဆောက်စီမံထားခဲ့သောကတုတ်ကျင်းလှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူ အတွင်းအစည်းအဝေး ကျင်းပနိုင် သောခန်းမများ၊ စာသင်ခန်းနှင့် ဆေးကုသဆောင်များ၊ လက်နက် သိုလှောင်ရုံများကိုပါထည့်သွင်းတည်ဆောက်ထားခဲ့သည်။ နေ့လည်စာကို Local Restaurant သုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့သို့ ပြန်လာကာThienHau Pagoda သို့သွားရောက်ကာဖူးမြော်ပြီးနောက် Ben Thanh market တွင်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ညစာကို Local Restaurant သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

6

Day 6

Day – 6            SaiGon – Yangon

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံSaiGonအပြည်ပြည်ဆိုင်ရာလေဆိပ်မှ (    ) လေကြောင်းလိုင်းဖြင့် ထွက်ခွာ ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။

Additional information

Duration

6 Days

Location

Vietnum Tour

Tour Type

Outbound Tour

Destination

Vietnum