thailand-2

ဖူးခက် – ဖီဖီကျွန်း – ဂျိမ်းဘွန်းကျွန်း – ဘန်ကောက်
(၄ည – ၅ရက်)

[/timeline_item]

1

Day 1

Day – 01     ရန်ကုန် – ဘန်ကောက် – ဖူးခက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်မှထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပျံသန်းရောက်ရှိပြီးနောက် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာစားသုံးပြီးပါကဆက်လက် ၍ ဖူးခက်သို့ ပျံသန်းမည် ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးရောက်ရှိသောအချိန်ပေါ် မူတည်၍ ဖူးခက်မြို့ဟောင်းနှင့် ဖူးခက် view point တို့သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Chalong Temple သွားရောက်ဖူးမြှော်ပြီးRawaiကမ်းခြေရှိသာယာသော နေဝင်ဆည်းဆာ အလှကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် ထိုင်းရိုးရာစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးဟိုတယ်တွင် တညတာအိပ်စက်အနားယူပါမည်။

2

Day 2

Day – 02     ဖီဖီကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဆွဲဆောင်မှုအရှိဆုံး သဘာ၀ အလှတရားများရှိရာ Phi Phi ကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတွင် ရှိသော ကျွန်းများဖြစ်သည့် Maya Bay, Viking Cave, Phi Phi Don, LodSama Bay, Pilen, Phi Phi Lay တို့ကိုဝင်ရောက်လည်ပတ်ပြီးလှပသောရှုခင်းများကိုခံစားရင်းဖီဖီကျွန်းတွင် နေ့လည်စာသုံးဆောင်ရန် ရပ်နားပေးမည်ဖြစ်ပါသည်။ ထို့နောက် ကျွန်းပတ်လည်ရှိလှပသောကမ်းခြေများတွင် ရေကူးခြင်း၊ ရေငုပ်ခြင်းနှင့် ငှက်သိုက်များတည်ဆောက်ခြင်းတို့ကိုလေ့လာနိုင်ပါမည်။ ညနေစောင်းလျှင်ဖူးခက်သို့ သင်္ဘောဖြင့် ပြန်လည်ထွက်ခွာလာပြီးထိုင်းရိုးရာစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီးဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

3

Day3

Day – 03     ဂျိမ်း(စ်)ဘွန်းကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အံ့မခန်းဖွယ် ပင်လယ်ပြင်မှ ထိုးထွက်နေသော သဘာဝထုံး ကျောက်တောင်၊ လမုပင်များ၊ ပင်လယ်လှိုင်ဂူများနှင့် ပင်လယ်ကွေ့များကို မြင်တွေ့နိုင်သောဖူးခက်ကျွန်းတွင် အကျော်ကြားဆုံးဖြစ်သော James Bond Island သို့ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတွင်လှပသောPhangNga Bay National Park သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မျောက်များပေါများစွာရှိသောSuwannakuha Temple (Monkey cave Temple) တွင်ဓာတ်ပုံရိုက်ခြင်း၊ Suwannakuha Temple သို့လည်းလှည့်လည်ကြည့်ရှုပါမည်။ ထို့နောက်နေ့လည်စာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုမှတဆင့် Khan Ma Ju, Khao Nam Sao, Khan Chan, KhaoTapooတို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညစာကိုဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် အရွယ်မရွေး နှစ်သက်စွာကြည့်ရှုခံစားနိုင်သောFantasea Show ကို ကြည့်ရှုပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးကာတစ်ညတာအေးချမ်းစွာအိပ်စက်အနားယူပါမည်။

4

Day 4

Day – 04     ဖူးခက် – ဘန်ကောက်

မနက်စာသုံးဆောင်ပြီးနောက် ဖူးခက်လေဆိပ်မှ pg(………) ဖြင့်ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။ ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သောမြဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် အနောက်တိုင်း ဗိသုကာလက်ရာများပေါင်းစပ်ထားသောထိုင်းဘုရင့် နန်းတော်သို့ သွားရောက်လည်ပတ်ပြီးအမှတ်တရဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် အဝတ်အထည်နှင့် လျှပ်စစ် ပစ္စည်းများလက်လီ၊ လက်ကားရောင်းချသော ဈေးဝယ်စင်တာသို့ လိုက်ပါပို့ဆောင်ပေးပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီးဟိုတယ်တွင် တညတာအိပ်စက်အနားယူမည် ဖြစ်ပါသည်။

5

Day 5

Day – 05     ဘန်ကောက် – ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ ဈေးဝယ် ထွက်နိုင် ပါသည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာပြီးလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။

 

Additional information

Duration

5 Days

Location

Thailand Phuket Tour

Tour Type

Outbound Tour

Destination

Thailand