macau

Yangon – Hong Kong – Shenzhen – Guangzhou – Macau – Yangon
၇ ည/ ၈ရက် ဟောင်ကောင် ခရီးစဉ်

1

Day 1

DAY – 1             YANGON – HONG KONG SHENZHEN
နံနက် ၉း၄၅ နာရီတွင်  ခရီးစဉ်ဦးဆောင်သူ Tour Leader နှင့် တွေ့ဆုံကာရန်ကုန်လေဆိပ်မှ Myanmar National Airline လေယာဉ် UB 8027 ဖြင့် စတင်ထွက်ခွာပြီးဟောင်ကောင်လေဆိပ်သို့ နေ့လည် တွင် ရောက်ရှိကြကာတရုတ်နိုင်ငံရှန်းကျန့်မြို့သို့ Jetfoil ဖြင့် ဆက်လက်ထွက်ခွာမည်။ ရှန်းကျန့်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာနာမည်ကျော် Dong Men Shopping Street တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် 4 Stars အဆင့်ရှိသော Hotel သို့ Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY – 2            SHENZHEN – GUANGZHOU

2

Day 2


နံနက်စာသုံးဆောင်ပြီး Shenzhen City Museum နှင့် ကမ္ဘာတွင်နာမည်ကြီးထင်ရှားသောအဆောက်အဦများကိုပုံစံငယ်လေးများဖြင့် ပြသထားသော Window of  The World သို့ ဝင်ရောက်ကြည့်ရှုမည်။ ပြင်သစ်မှ Eiffel Tower, အီဂျစ်မှ Pyramid စသည့် ကမ္ဘာကျော်အဆောက်အဦများကို Tram Car လေးဖြင့် ပျော်ရွှင်စွာလှည့်ပတ်ကြည့်ရှုမည်။ နေ့လည်စာကိုသုံးဆောင်ပြီးကားမောင်းကြာချိန် ၂ နာရီခန့်မျှရှိသောGuangzhoeသို့ ဆက်လက်ထွက်ခွာမည်။ ညစာသုံးဆောင်ပြီးနောက် ရင်သပ်ရှုမောဖွယ်ကောင်းသောChimelong Circus ပွဲသို့ သွားရောက်ကြည့်ရှုကြပါမည်။ ထို့နောက် Rosedale Hotel 4 Stars သို့ Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY – 3            GUANGZHOU

3

Day 3

နံနက်စာသုံးဆောင်ပြီးနောက် ကွမ်ကျိုးမြို့၏ စတင်ဖြစ်တည်မှု အမှတ်အသားဖြစ်သည့် ဆိတ်ငါးကောင်ရုပ်တု Five Ram Statue ရှိသောYueXiu Park သို့ သွားရောက်ကာအမှတ်တရဓါတ်ပုံရိုက်မည်။ ထိုမှတဆင့် ရှေးခေတ်  Chan မျိုးနွယ်၏ အိမ်တော်ဟောင်းကြီး Chan Clan Academy နှင့် Litchi Bay သို့သွားရောက်ပြီးနောက် နေ့လည်စာသုံးဆောင်မည်။ ထို့နောက် အမြင့်ဆုံး Tower ဖြစ်သော Guangzhou TV Tower အပေါ်သို့တက်ရောက်ပြီးလှပသောရှုခင်းကိုကြည့်ရှု ခံစားမည်။ ညနေပိုင်း၌   Beijing Road တွင် ဈေးဝယ်ချိန်ပေးပြီး Pearl River Cruise စီးကာကွမ်ကျိုးမြို့၏ ညရှုခင်းအလှကို ကြည့်ရှုခံစားပြီး Cruise ပေါ်တွင်
ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။

DAY – 4            GUANGZHOU – ZHUHAI- MACAU

4

Day 4

Fishin နံနက်စာသုံးဆောင်ပြီးအဓိကပင်လယ်ဆိပ်ကမ်းမြို့အဖြစ် ထင်ပေါ်ကျော်ကြားသော Zhuhai မြို့သို့ ထွက်ခွာကာ Lover} s Road နှင့် g Girl Staueသို့ သွားရောက်ကြည့်ရှုပါမည်။ နေ့လည်စာသုံးဆောင်ပြီးမကာအိုသို့ ခရီးဆက်ကာ Fishing Dock, Lotus Flower Square, A-Ma Temple, Ruins of St. Paul Church နှင့် ဂျက်ကီချန်းပိုင်ဆိုင်သည့် ရွှေချောင်းများကို Hotel Lobby ကြမ်းခင်းတွင်ပြသထားသော Grand Emperor Casino တို့ကိုသွားရောက်လေ့လာမည်။ညစာသုံးဆောင်ပြီး ကြီးကျယ်ခမ်းနားသောVenctian Casino ကိုသွားရောက်ကြည့်ရှုမည်။ ထို့နောက် Diamond Show ပွဲကို ကြည့်ရှုခံစားပြီး Rio Casino Hotel 4 Star သို့ Check In ဝင်၍ အိပ်စက်အနားယူပါမည်။

DAY – 5             MACAU – HONG KONG

5

Day 5

နံနက်စာသုံးဆောင်ပြီး Hong Kong သို့ Jetfoil ရေယာဉ်ဖြင့် ထွက်ခွာကာနေ့လည်စာကို Jumbo Floating Restaurant တွင်သုံးဆောင်မည်။ ထို့နောက် နာမည်ကျော် Victoria Peak တောင်ထိပ်သို့ Tram Car ဖြင့် တက်ရောက်ကာ Madame Taussaudsဖယောင်းပြတိုက်သို့ ဝင်ရောက်ကြည့်ရှုမည်။
ညနေပိုင်းတွင် ဟောင်ကောင်၏နာမည်ကျော် Repulse Bay ကမ်းခြေနှင့် Bauhinia Square တို့ကိုသွားရောက်လည်ပတ်ပြီးနောက် နာမည်ကြီး Ladies} Street ဈေးလမ်းမတွင် စိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ရန် အချိန်ပေးပါမည်။ ညစာကိုဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်တွင် Metro Park Mongkok 4 Star သို့ Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။

DAY – 6             HONG KONG

6

Day 6

နံနက်စာသုံးဆောင်ပြီးကမ္ဘာ့အကြီးဆုံးကြေးသွန်ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာLantau ကျွန်းသို့ Cable Car ဖြင့် တက်ရောက်ပါမည်။ ဗုဒ္ဓရုပ်ပွားတော်တည်ရာတောင်ထိပ်သို့တက်ရောက်ဖူးမျှော်ပြီးရှေးဟောင်း Po Lin Temple တရုတ်ဘုရားကျောင်းသို့လည်း ဝင်ရောက်ဖူးမျှော်မည်။ နေ့လည်စာကိုNgong Pin Garden Restaurant တွင် သုံးဆောင်ပြီးနာမည်ကျော် Disneyland ကစားကွင်းသို့ သွားရောက်ကာ 4D Mickey Mouse Show,Lion King Show နှင့် အခြားကစားနည်းများစွာတို့ကိုလှည့်ပတ်ကြည်ရှုကစားမည်။ ညစာကိုကစားကွင်းအတွင်းမိမိအစီအစဉ်ဖြင့် သုံးဆောင်ပါမည်။ မီးရှှုးမီးပန်းများဖောက်၍ ကစားကွင်းပိတ်ချိန်ကို ကြည်ရှုခံစားပြီးဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူမည်။

DAY – 7            HONG KONG

7

Day 7

နံနက်စာကို Dim Sum ဖြင့် သုံးဆောင်ပြီးဟောင်ကောင်၏ ဒုတိယနာမည်အကြီးဆုံးကစားကွင်းတစ်ခုဖြစ်သောOccan Park ကစားကွင်းသို့ သွားရောက်လည်ပတ်မည်။ နေ့လည်စာကိုကစားကွင်းအတွင်းမိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီးနောက် Dolphin Show, Emperor of the Sky Show နှင့် Hair Raiser Roller Coaster စသည့် ကစားနည်းများ၊ရှိုးပွဲများစွာတို့ကိုစိတ်ကြိုက်လှည့်ပတ်ကစားကြပါမည်။ ထိုမှတစ်ဆင့် ဟောင်ကောင်မြို့၏ နာမည်ကျော် ညဈေးလမ်းမကြီးတစ်ခုဖြစ်သော Temple Street တွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ပြီးညစာကိုသုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။

DAY – 8            HONG KONG – YANGON

8

Day8

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာနာမည်ကျော် Tourist Attraction ဖြစ်သောTsimShaTsuiPromenadaသို့သွားရောက်ကာခေတ်မီဖွံ့ဖြိုးတိုးတက်သောဟောင်ကောင်မြို့၏ ရှုခင်းအလှကို ကြည်ရှုခံစားကြမည်။ ထို့နောက် SikSik Yuen Wong Tai Sin ဘုရားကျောင်းသို့ ဝင်ရောက်ဖူးမျှော်ပြီးနောက် နေ့လည်စာသုံးဆောင်မည်။ နေ့လည် ၃း၁၅ နာရီတွင် MNA လေယာဉ်အမှတ် UB 8028 ဖြင့် ဟောင်ကောင်မြို့မှ ပြန်လည်ထွက်ခွာကာ ဟောင်ကောင်ခရီးစဉ်တွင် လိုက်ပါသောဧည့်သည်တော်များသည် ရန်ကုန်လေဆိပ်သို့ ညနေ ၄း၅၅ နာရီတွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိပါမည်။

 

 

Additional information

Duration

7 Days

Location

Hong Kong & Macau Tour

Tour Type

Outbound Tour

Destination

Hong Kong