wallpaper-australia-18

Sydney – Brisbane – Gold Coast – Melbourne

၁၀ည/၁၁ရက် သြစတြေးလျနိုင်ငံ ခရီးစဉ်

1

Day 1

YANGON – SINGAPORE – SYDNEY

နေ့လည်  ခရီးစဉ်ဦးဆောင်သူ (Tour Leader ) နှင့် ရန်ကုန်လေဆိပ်တွင် တွေ့ဆုံပြီး နေ့လည် တွင် Singapore Airline လေယာဉ် ဖြင့် စင်္ကာပူနိုင်ငံသို့ ထွက်ခွာပါမည်။ ညနတွင် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ သြစတြေးလျနိုင်ငံ Sydney မြို့သို့ဆက်လက်ထွက်ခွာကာ ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပြီး တစ်ညတာကို လေယာဉ်ပေါ်တွင် အိပ်စက်အနားယူမည်။

 

2

Day 2

SYDNEY

နံနက် တွင် သြစတြေးလျနိုင်ငံ၊ Sydney လေဆိပ်သို့ရောက်ရှိကာ လေဆိပ်တွင် Local Cuide မှ လာရောက်ကြိုဆိုပါမည်။ Local Restaurant တွင် နံနက်စာသုံးဆောင်ကာ ခဏအနားယူပါမည်။ ထို့နောက် City Tour အဖြစ် Sydney မြို့၏ ကမ္ဘာကျော် Sydney Opera House, Darling Harbour, Harbour Ridge နှင့် The Rocks တို့ကို သွားရောက်လည်ပတ်ကြမည်။ နေ့လည်စာသုံးဆောင်ပြီး ၁၆၄ ပေအမြင့်ရှိသော Sydney Tower တို့ကိုသွားရောက်လည်ပတ်ကာ မြို့၏ရှုခင်းအလှကို ကြည့်ရှုခံစားပါမည်။ ညနေပိုင်းတွင် Mrs.Maequarie’s Point နှင့် St.Mary’s Cathedral တို့ကို သွားရောက်လည်ပတ်ပြီး ညစာကို Capital Thai Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် Holiday Inn Darling Harbour 4 star Hotel or similar 4 star Hotel သို့ Chick in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

3

Day 3

SYDNEY – BLUE MOUNTAIN – SYDNEY

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး သြစတြေးလျနိုင်ငံ၏ ဒေသတွင်းတိရစ္ဆာန်များကို မွေးမြူစောင့်ရှောက်ထားသော Featherdale Wildlife Park သို့ သွားရောက်လည်ပတ်ကာ သားပိုက်ကောင်လေးများ၊ Koala ဝက်ဝံငယ်လေးများတို့နှင့် အမှတ်တရ အစာကျွေးဓါတ်ပုံရိုက်ကြပါမည်။ ထို့နောက်သာယာလှပသော Wentworth ရေတံခွန်နှင့် Jamison တောင်ကြားတို့ကို ဖြတ်သန်းကြည့်ရှုပြီး နာမည်ကျော် Tourist Attraction တစ်ခုဖြစ်သော Bule Mountain National Park သို့ သွားရောက်လည်ပတ်ကြပါမည်။ တောင်ထိပ်သို့ Scenic Railway ဖြင့် တက်ရောက်ကာ နေ့လည်စာကို တရုတ်အစားအစာဖြင့် သုံးဆောင်မည်။ ထို့နောက် Echo Point Lookout မှ လေတိုက်စား၍ ညီမသုံးဖော်သဏ္ဍာန်ဖြစ်နေသော Three Sisters Rock Formation ရှုခင်းအလှကို ကြည့်ရှုလေံလာပါမည်။ ထို့နောက် Sydney သို့ ပြန်လာကာ Sydney Olympic Stadium တွင် အမှတ်တရဓါတ်ပုံရိုက်ပါမည်။ ညစာကို တရုတ်အစားအစာဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက်အနားယူပါမည်။

 

4

Day 4

SYDNEY

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး သြစတြေးလျ၏ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သော Bondi Beach နှင့် the Gap Ocean Cliff တို့ကို သွားရောက်ကာ အေးမြလတ်ဆတ်သော ပင်လယ်လေကို ရှုရှိုက်ရင်းအပန်းဖြေကြပါမည်။ ထို့နောက် ပင်လယ်ရေအောက်သတ္တဝါမျိုးစုံကို အနီးကပ်ကြည့်ရှုနိုင်သည့် Sea Life Sydney Aquarium သို့ သွားရောက်ကာ လေ့လာကြည့်ရှုကြမည်။ နေ့လည်စာကို Baba Charlic Resturant တွင် ထိုင်းအစားအစာများဖြင့် သုံးဆောင်ပြီးနောက် ကမ္ဘာကျော် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် Louis Viutton, Gucci စသော Branded Fashion Shop များရှိရာ Pitt Street Mall ကြီးတွင် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ညစာကို Chinese Restaurant တွင် တရုတ်ရိုးရာ အစားအစာများဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

5

Day 5

SYDNEY BRISBANE – GOLD COAST

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Sydney လေဆိပ်သို့ Check in ဝင်၍ Virgin Atlantic Airlines လေယာဉ်အမှတ် VA935 ဖြင့် နံနက် ၁၁ နာရီတွင် သြစတြေးလျနိုင်ငံ၏ နာမည်ကြီးမြို့တစ်မြို့ဖြစ်သော Brisbance မြို့သို့ နေ့လည် ၁၂း၃၀နာရီတွင် ရောက်ရှိပြီး Local Guide မှ လာရောက်ကြိုဆိုကာ နေ့လည်စာကို Chines Menu ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Brisbanc မြို့ တောင်ဖက်ရှိ ရေလွှာလျှောစီးသူများ ပျော်မွေ့ရာ Surfer Paradisc ဟု နာမည်ကျော်သော Gold Coast ကမ်းခြေသို့ ၁ နာရီခန့်ကြာကားဖြင့် ခရီးဆက်မည်။ ညနေပိုင်းတွင် Gold Coast ၏ Duranbah Chanccllor 4 star Hotel သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

6

Day 6

GOLD COAST – MOVIE WORLDstrong>

နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး သြစတြေးလျနိုင်ငံ၏ နာမည်ကျော် Theme Park တစ်ခုဖြစ်သည့် Warner Brothers Movie World သို့ သွားရောက်လည်ပတ်ကာ  ကစားကွင်းအတွင်းရှိ Movie World,Sea world နှင့် 4D ရုပ်ရှင်၊Show ပွဲများနှင့် အခြားစိတ်ဝင်စားစရာ ကစားနည်းများစွာကို လှည့်လည်ကစားကြမည်။ နေ့လည်စာကို ကစားကွင်းအတွင်းတွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပြီးနောက် ညနေပိုင်းတွင် Movie World ကစားကွင်းမှပြန်လည်ထွက်ခွာကာ အမြင့်ပေ ၇၅၀ ရှိ Gold Coast ၏ နာမည်ကျော် Skypoint Observation Deck အပေါ်သို့တက်ရောက်လည်ပတ်၍ Gold Coast ကမ်းခြေ၏ရှုခင်းအလှအပများကို အပေါ်စီးမှနေ၍ ကြည်ရှုခံစားကြပါမည်။ ညစာကို Legends Seafood Restaurant တွင် Chinese Meal ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

7

Day 7

GOLD COAST-MELBOURNE

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Gold Coast လေဆိပ်သို့ Check in ဝင်ရန်သွားရောက်ပါမည်။ Jetstar Airways လေယာဉ်အမှတ် ဖြင့် နံနက္ နာရီတွင်ထွက်ခွာ၍ Melbourne လေဆိပ်သို့ နေ့လည် နာရီတွင်ရောက်ရှိပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြမည်။ ထို့နောက် Melbourne မြို့၏ လွှတ်တော်အဆောက်အဦး Parliament House နှင့် အကြီးဆုံး Church ကျောင်း St.Patrick’s Cathedral တို့ကို သွားရောက်လည်ပတ်မည်။ Direct Factory Outlet တွင် မိမိစိတ်ကြိုက် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ညနေစာကို Thai Local Restaurant တွင် ထိုင်းရိုးရာ အစားအစာများဖြင့် သုံးဆောင်ကာ Rydges Melbourne 4 Star Hotel or similar Hotel သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

8

Day 8

MELBOURNE – PHILLIP ISLAND

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Gold Coast လေဆိပ်သို့  Check in ဝင်ရန်သွားရောက်ပါမည်။ Jetstar Airways  လေယာဉ်အမှတ်   ဖြင့် နံနက် နာရီတွင်ထွက်ခွာ၍ Melbourne  လေဆိပ်သို့ နေ့လည်  နာရီတွင်ရောက်ရှိပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြမည်။ ထို့နောက်ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Victoria Market  သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ပထမကမ္ဘာစစ်အတွင်း သေဆုံးသူများအမှတ်တရ Shrine of Remembrance အဆောက်အဦး၊စက်မှုဒေသဧရိယာဖြစ်ခဲ့သော  Yarra River အနားရှိ  South Bank နှင့် Captain Cook Cottage စသည့်တို့ကို သွားရောက်လည်ပတ်ကြမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Phillip Island သို့ ကားဖြင့် ခရီးဆက်၍ ကြာချိန် ၁း၃၀ နာရီခန့်ရှိပါမည်။ ထို့နောက် Phillip Island Natural Park  အတွင်းရှိ Koala ဝက်ဝံငယ်များ ထိန်းသိမ်းစောင့်ရှောက်ထားသော  Koala Conservation Centre နှင့် Penguin Parade တို့တွင် ချစ်စရာ ပင်ဂွင်းငယ်လေးများ၏ သွားလာလှုပ်ရှားပုံများကို ကြည့်ရှုပါမည်။ ညစာကို Wing Ho Chinese Restaurant တွင် Chinese Meal ဖြင့် သုံဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။ Melbourne မြို့၏ လွှတ်တော်အဆောက်အဦး Parliament House နှင့် အကြီးဆုံး Church ကျောင်း St.Patrick’s Cathedral  တို့ကို သွားရောက်လည်ပတ်မည်။ Direct Factory Outlet တွင် မိမိစိတ်ကြိုက် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ညနေစာကို Thai Local Restaurant တွင် ထိုင်းရိုးရာ အစားအစာများဖြင့် သုံးဆောင်ကာ Rydges Melbourne 4 Star Hotel or similar Hotel  သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

9

Day 9

MELBOURNE – GREAT OCEAN ROAD

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Great Ocean Road လမ်းမကြီးမှ ကမ်းခြေများသို့ သွားရောက်လည်ပတ်ပါမည်။ Torquay Beach ကမ်းခြေတွင် ကမ်းခြေသို့ရိုက်ခတ်လာသော လှိုင်းလုံးကြီးများ၏ အလှအပများကို ကြည်ရှုခံစား အပန်းဖြေပါမည်။ နေ့လည်စာကို Apollo Bay Hotel တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Port Campbell National Park အတွင်းရှိ အလွန်လှပသော Loch Ard Gorge ကမ်းခြေ London Bridge နှင့် ကျောက်စိုင် ကျောက်တန်းများဖြင့် အမြင်ရိုးနိုင်သော Twelve Apostles တို့ကို သွားရောက်လည်ပတ်ကြပါမည်။ Melbourne မြို့သို့ပြန်ကာ Local Restaurant တွင် ညစာကို Chinese set menu ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

10

Day 10

MELBOURNE – SINGAPORE

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Melbourne မြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသော Ballarat မြို့သို့သွားရောက်လည်ပတ်ရန် ကားမောင်ချိန် ၁နာရီခွဲခန့်အကြာတွင် ရောက်ရှိပါမည်။ ရွှေထွက်ခြင်းဖြင့် နာမည်ကျော်ကြားသော Sovereign Hill, Gold Museum, Gold Mountain သို့လည်ပတ်ကာ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Melbourne မြို့၏ Tullamarine Airport သို့ပို့ဆောင်ပေးကာ ညသန်းခေါင် တွင် Singapore Airlines လေယာဉ် ဖြင့် ပြန်လည်ထွက်ခွာလာကာ တစ်ညတာကို လေယာဉ်ပေါ်တွင် အိပ်စက်အနားယူပါမည်။

11

Day 11

SINGAPORE – YANGON

နံနက်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ကြပြီးနောက် မနက် တွင် စင်္ကာပူနိုင်ငံ၊ချန်ဂီလေဆိပ်သို့ရောက်ရှိကာ Transist ဖြတ်သန်းပါမည်။ ထို့နောက် မနက် တွင် စင်္ကာပူလေဆိပ်မှ Singapore Airline ဖြင့် ဆက်လက်ထွက်ခွာကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မနက်တွင် စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

Additional information

Duration

10 Days

Location

Austria Tour

Destination

Australia

Tour Type

Outbound Tour