o-korean-wedding-facebook

Yangon – Seoul – Jeju – Busan – Everland – Nami Island – Yangon
(8 Days / 7 Nights )

1

Day 1

Day: 1 Yangon – Seoul
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားနိုင်ငံရှိ Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်း (   ) ဖြင့် စတင်ထွက်ခွာပါမည်။

Day: 2 Seoul – Jeju

2

Day 2

ကိုရီးယားနိုင်ငံသို့ရောက်ရှိကာဒေသခံ Tour Guide မှ လာရောက် ကြိုဆိုပြီးနောက် Jeju island  သို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဆက်လက် ထွက်ခွာပါမည်။ Jeju ကျွန်းသို့ ရောက်ရှိပြီးနောက် Seaweed Museum နှင့်  ဒဏ္ဍာရီပုံပြင်လာနေရာတစ်ခုဖြစ်သောYongduam(Dragon Head Rock) သို့သွားရောက် လည်ပတ် ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ထူးဆန်းသောနေရာတစ်ခုဖြစ်သော Mysterious Road ၊ Cheonjiyeon waterfalls ၊ ပင်လယ်မှ ထိုးထိုးထောင်ထောင် ထွက်နေသဖွယ်ရှိသောကျောက်စောင် ကမ်းပါးတစ်ခုဖြစ်သောJusangjeolli ၊ Trick Art Museum တို့သို့
သွားရောက် လည်ပတ်ပါမည်။

ထို့နောက် ညစာကို Local Restaurant တွင် သုံးဆောင်ပြီးဟိုတယ်သို့ check-in ဝင်ရောက်ပြီးအနားယူအိပ်စက် ပါမည်။

Day: 3 Jeju

3

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Jeju ကျွန်းရှိ Maze Theme Park ၊ ကမ္ဘာ့အမွေအနှစ် တစ်ခုဖြစ်ပြီးတစ်မူထူးခြားလှပသောManjang Cave ၊  နန်းတွင်းရတနာဇာတ်ကား၏ ဇာတ်ဝင်ခန်း များရိုက်ကူးရာနေရာဖြစ်သောSeongeup Folk Village တို့သို့ သွားရောက် လည်ပတ်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် မီးတောင် ကျောက်များကနံရံအဖြစ် ဖန်တီးပေးထားသဖြင့် သဘာဝအတိုင်း သာယာလှပသည့် Seopjicoji ၊ ကမ္ဘာ့အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ် ထားသောSeongsan Sunrise Peak တို့သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင်သုံးဆောင်ပြီးဟိုတယ်တွင်အနားယူအိပ်စက်ပါမည်။

Day: 4 Jeju – Busan

4

Day 4

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Jeju မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဘူဆန်သို့ ထွက်ခွာပါမည်။ ဘူဆန်မြို့သို့ ရောက်ရှိပြီး PIFF Square ၊ Nampodong Market ၊ Jagalchi Fish Market တို့တွင်ပျော်ရွှင်စွာ သွားရောက်ဈေးဝယ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင် ပြီးနောက် ဘူဆန်ရှိသာယာလှပသောကမ်းခြေတစ်ခုဖြစ်သောHaeundae Beach ၊ APEC House ၊ ကမ်းစပ်နားကျောက်ဆောင်များပေါ်တွင် တည်ဆောက် ထားသောဗုဒ္ဓဘုရားကျောင်း ဖြစ်သောHaedongYonggungsa Temple တို့သို့ သွားရောက် လည်ပတ် ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 5 Seoul – Everland

5

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကားဖြင့် Yonginသို့ ထွက်ခွာပြီးနောက် ဆိုးလ်မြို့၏ အကြီးဆုံးကစားကွင်းတစ်ခု ဖြစ်ပြီးကမ္ဘာ့တတိယအကြီးဆုံးကစားကွင်းအဖြစ်သတ်မှတ် ခံထားရသော Ever land Theme Park သို့ပျော်ရွှင်စွာသွားရောက် လည်ပတ် ဆော့ကစားပါမည်။ နေ့လည်စာကို Coupon ဖြင့် သုံးဆောင် ပြီးနောက် ကစားကွင်းရှိဖျော်ဖြေရေးပွဲများကို ကြည့်ရှု ခံစားပါမည်။ ထို့နောက် ကိုရီးယားရိုးရာအစားစာတစ်ခုဖြစ်သောကင်မ်ချီပြုလုပ်ခြင်း ၊ ကိုရီယားရိုးရာ အဝတ်အစား ဖြစ်သည့် Hanbok ဝတ်ဆင်ပြီးအမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများကိုပြုလုပ်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 6 Seoul

6

Day 6

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟေမန်ဆောင်းချစ်သံစဉ် ဇာတ်ကား၏ ဇာတ်ဝင်ခန်း ရိုက်ကူးရာနေရာဖြစ်ပြီးအလွန်သာယာလှပသောNami Island သို့သွားရောက် လည်ပတ် ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင် ပြီးနောက်  ဆိုးလ်မြို့တွင်ရှိသောနန်းတော်များထဲမှအလှဆုံးနန်းတော်တစ်ခု ဖြစ်ပြီးဂျိုဆွန်းခေတ်တွင် တည်ဆောက်ထားခဲ့ပြီးဂျိုဆွန်းဘုရင် တို့၏ နေထိုင်မှုပုံစံ၊ နန်းတွင်းအသုံးဆောင်များကိုလေ့လာနိုင်ရန်  Geoungbok Palace နှင့် ကိုးရီးယားနိုင်ငံ၏ သမိုင်းကိုလေ့လာရန် National Folk Museum သို့ သွားရောက် လေ့လာပါမည်။ လမ်းတွင် ကိုးရီးယားနိုင်ငံသမ္မတအိမ်ပြာတော်ကိုလည်း အဝေးမှ လှမ်းကာ ကြည့်ရှု နိုင်ပါမည်။ ညနေပိုင်းတွင် ဆိုးလ်မြို့၏ အစည် ကားဆုံးနေရာတစ်ခုဖြစ်သောCheonggye Stream သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင်သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 7 Seoul

7

Day 7

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Amethyst Factory ၊ Liver Health Center တို့သို့ ဝင်ရောက်လေ့လာပါမည်။ ထို့နောက် နက္ခတာရာကြည့် မျှော်စင်ဖြစ်ပြီးဆိုးလ်မြို့၏ အလှကို ကြည့်ရှုခံစားနိုင်ရန် N Seoul Tower ၊  NamsanHanok Village တို့သို့သွားရောက် လည်ပတ် ပြီးနောက် နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် Ginseng Show Room ၊ Cosmetic shop ၊ စည်ကားသောMyeongdong Shopping Street တို့တွင် ပျော်ရွှင်စွာသွားရောက် ဈေးဝယ်ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင်သုံးဆောင်ပြီးဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 8 Seoul – Yangon

8

Day 8

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Incheon International Airport မှ လေကြောင်းလိုင်း (     ) ဖြင့် ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိပါမည်။

Additional information

Duration

8 days

Location

Korea Tour

Tour Type

Outbound Tour

Destination

Korea