150306143641-beautiful-japan-fuji-shibazakura-festival-yamanashi-super-169

(အိုဆာကာ – နာရာ – တိုကျို-ကမာကူရ-ယိုကိုဟားမား-တိုကျို-နစ်ကိုး)

၈ည/၉ရက် ဂျပန် ခရီးစဉ်

1

Day 1


YANGON – SINGAPORE – OSAKA

ညနေ ၃း၃၀ နာရီတွင် ရန်ကုန်လေဆိပ်၌ Tour Leader ခရီးစဉ်ဦးဆောင်သူ နှင့် ဧည်သည်များတွေ့ဆုံပြီး Singapore Airline သို့ Group Check in ဝင်မည်။ ညနေ ( ) နာရီတွင် Singapore Airline လေယာဉ်ဖြင့် စင်္ကာပူသို့ ထွက်ခွာပြီး ည ( ) နာရီတွင် စင်္ကာပူ၊ချန်ဂီလေဆိပ်သို့ ရောက်ရှိကာ Transit ဖြတ်သန်းမည်။ ချန်ဂီလေဆိပ်မှ Osaka မြို့သို့ ဆက်လက်ထွက်ခွာကာ ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။

2

Day 2


OSAKA – NARA – OSAKA

လေယာဉ်ပေါ်တွင် နံနက်စာသုံးဆောင်ပြီး နံနက် ( ) နာရီတွင် Osaka မြို့ရှိ Kansai လေဆိပ်သို့ ရောက်ရှိကာ Japan Guide မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Nara မြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော Todaiji Temple သို့ သွားရောက်လည်ပတ်မည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် နာမည်ကျော် အိုဆာကာရဲတိုက် Osaka Castle သို့ ဝင်ရောက်လည်ပတ်ပါမည်။ ရဲတိုက်၏အပေါ်ထပ်မှ အိုဆာကာမြို့၏ရှုခင်းအလှကို ညနေပိုင်းတွင် Shinsaibashi Shopping Street ၌ဈေးဝယ်ထွက်မည်။ Yodobashi Umeda တွင် Kushi Katsu Buffet  ဖြင့် ညစာသုံးဆောင်ပြီးနောက် Hotel Elsereine 4 Star သို့ Check in ဝင်၍ အိပ်စက်အနားယူကြပါမည်။

3

Day 3


OSAKA – KYOTO – NAGOYA

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Shin – Osaka Station မှ Shinkansen ကျည်ဆံရထားဖြင့် ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော် Kyoto သို့ ခရီးဆက်ကြပါမည်။ ကျိုတိုမြို့၏နာမည်ကျော် Kiyomizu ဘုရားကျောင်းသို့ သွားရောက်ဖူးမျှော်ပြီး နေ့လည်စာကို Buffet  ဖြင့် သုံးဆောင်မည်။ ညနေပိုင်းတွင် နာမည်ကျော် Kinkakuji  ရွှေကျောင်းဆောင်နှင့် ရှင်ဟိုဘုရားကျောင်းတစ်ခုဖြစ်သည့်Fushiminari Shrine သို့ သွားရောက်လည်ပတ်မည်။ ထို့နောက် Nagoya  မြို့သို့ ဆက်လက်ထွက်ခွာကာ ညစာကို ဂျပန်အစာအစားဖြင့် သုံးဆောင်ပြီး 4 Star အဆင့်ရှိ Meitetsu Grand Hotel  သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။

4

Day 4


NAGOYA – HAKONE – ASHI LAKE – MT – FUJI

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Toyota  စက်ရုံသို့သွားရောက်၍ ကားထုတ်လုပ်ပုံအဆင့်ဆင့်နှင့် စိတ်ဝင်းစားဖွယ်ကောင်းသော ရှေးဟောင်းကားမော်ဒယ်များကို ဝင်ရောက်လေ့လာကြည်ရှုပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး  Hakone သို့ ခရီးဆက်ကာ Ashi Lake တွင်  Pirate Cruise စီး၍ ပတ်ဝန်းကျင်သဘာဝအလှကို ကြည်ရှုလေ့လာကြပါမည်။ ကမ္ဘာကျော် Branded  အဝတ်အစားများစွာကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်သော Gotemba Outlet  တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီးနောက် 4 Star အဆင့်ရှိ Fuji Matsuzono Hotel  သို့ Check in ဝင်မည်။ ညစာကို Hotel ၌ Buffet ဖြင့်သုံးဆောင်ပြီး တစ်ညတာကို အိပ်စက်အနားယူမည်။

5

Day 5


MT . FUJI – KAMAKURA – YOKOHAMA

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ဖူဂျီတောင်ခြေရှိ Oshinohakkai ကျေးရွာသို့ သွားရောက်ကြည်ရှုလေ့လာမည်။ ထို့နောက် ကမ္ဘာကျော် Mt.Fuji တောင်ပေါ်သို့ခရီးဆက်ကာ ရာသီဥတုပေါ်မှုတည်၍ ဖူဂျီတောင်၏ အဆင့် ၅ အထိ တက်ရောက်လည်ပတ်မည်။ နေ့လည်စာကို  Local Restaurant တွင် သုံးဆောင်ပြီးနောက် ကမာကူရမြို့သို့ခရီးဆက်ကာ တန်ခိုးကြီး Kamakura Buddha  ဆင်းတုတော်ကို ဝင်ရောက်ကြည်ညိုကြမည်။ ထိုမှတဆင့် ယိုကိုဟားမားသို့ခရီးဆက်ပြီး Yokohama Chinatown သို့ သွားရောက်လည်ပတ်မည်။ ညစာသုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိ Yokohama Bay Sheraton Hotel  သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။

6

Day 6


YOKOHAMA – TOKYO

နောက်ဆုံးပေါ် ကစားနည်းများကို လည်ပတ်ကြည်ရှုကာ နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ဂျပန်တော်ဝင်မင်းမျိုးများနေရာ Imperial Palace ကို သွားရောက်ကြည်ရှုလေ့လာမည်။ ထို့နောက် ကမ္ဘာကျော်  Tokyo Disneyland  ကစားကွင်းသို့ သွားရောက်ကာ နေ့လည်စာကို Disneyland အတွင်းတွင် မိမိအစီအစဉ်ဖြင့်သုံးဆောင်မည်။ ကစားကွင်းအတွင်း  Lion King Show , Mickey Mouse 4D   Show နှင့် Roller Coaster  စသည့် စိတ်ကြိုက်ဆော့ကစားမည်။ ညနေ့ ၆ နာရီခန့်တွင် Tokyo Disneyland မှ ထွက်ခွာပြီး ညစားသုံးဆောင်မည်။ ထို့နောက်  Okura Hotel Group  အဖွဲ့ဝင်ဖြစ်သော 4 Star အဆင့်ရှိ Hotel East 21Tokyo သို့ Check in ဝင်၍ အိပ်စက်အနားယူပါမည်။

7

Day 7


TOKYO – NIKKO – TOKYO

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး တောင်တန်းများအကြား သာယာလှပသော Nikko မြို့သို့ ခရီးဆက်ပါမည်။ UNESCO  မှ ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ထားသော ရှေးဟောင်းဘုရားကျောင်းများကြားမှ နာမည်ကျော် Nikko Toshougu  ရှင်တိုဘုရားကျောင်းသို့ သွားရောက်ကြည်ရှုလေ့လာပြီး နေ့လည်စာကို ဒေသခံစားသောက်ဆိုင်သုံးဆောင်ကြမည်။ ထို့နောက် ရှေးခေတ် Edo ကာလ၏ ဂျပန်ရိုးရာယဉ်ကျေးမှုဓလေ့များ၊လူနေမှုပုံစံများကို စိတ်ဝင်းစားဖွယ်ဖြစ်အောင် ပြသထားသော Edo  Wonderland သို့သွားရောက်လည်ပတ်ကာ  Ninja Show,Oiran Show တို့ကို ကြည်ရှုလေ့လာမည်။ ညစာသုံးဆောင်ပြီးနောက် Hotel သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

8

Day 8


TOKYO – SINGAPORE

နံနက်စာသုံးဆောင်ပြီးနောက် Asakusa သို့သွားရောက်ကာ ဂျပန်ရိုုးရာလက်ဆောင်များရောင်းချသည့် ဈေးဆိုင်များရှိရာ  Nakamise Street တွင် ဈေးဝယ်ထွက်မည်။ ဂျပန်နိုင်ငံ၏ အမြင့်ဆုံးမိုးမျှော်တာဝါ  Tokyo Sky Tree ပေါ်သို့ တက်ရောက်ကာ တိုကျိုမြို့၏ ရှုခင်းအလှကို ကြည်ရှုခံစားပြီး နေ့လည်စာသုံးဆောင်မည်။ ထို့နောက် နာမည်ကျော်ဈေးလမ်းမဖြစ်သော  Ginza Shopping Road နှင့် လျှပ်စစ်မြို့တော်ဟု တင်စားခေါ်သော Akihabara တွင်နောက်ဆုံးပေါ် Electronic ပစ္စည်းများနှင့် Branded အဝတ်အစားများကို ဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ည ၁၀း၅၅ နာရီတွင် Haneda Airport မှ Singaport Singapore Airline ဖြင့် တိုကျိုမြို့မှ ပြန်လည်ထွက်ခွာပါမည်။

9

Day 9


SINGAPORE – YANGON

နံနက် ၅ နာရီတွင် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ရောက်ရှိပြီး Transit  ဖြတ်သန်းကြပါမည်။ Changi လေဆိပ်အတွင်း နံနက် ၆ နာရီမှစ၍ဖွင့်သော  Duty Free ဆိုင်များတွင် အိမ်ပြန်လက်ဆောင်အဖြစ် Cosmetic များ၊ Branded ရေမွှေးများကို စိတ်ကြိုက်ဈေးဝယ်ထွက်ပြီးနောက်  Singapore Airline လေယာဉ်ဖြင့် ချန်ဂီလေဆိပ်မှ ပြန်လည်ထွက်ခွာပါမည်။  ၈ည/၉ရက် ဂျပန်ခရီးစဉ်ကိုလိုက်ပါသော ဧည့်သည်တော်များသည် ရန်ကုန်လေဆိပ်သို့ စိတ်အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက်ရှိပါမည်။

Additional information

Duration

8 days

Location

Japan Tour

Tour Type

Outbound Tour

Destination

Japan